ပြီးဆုံးခဲ့ခြင်းများ
Essays

ပြီးဆုံးခဲ့ခြင်းများ

Words by လွမ်းသင့်ဝေ ဤခရီးကို လျှောက်လှမ်းခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဟု ဆိုနိုင်သည်။ လူတို့၏ သိမှုနယ်ပယ်ဝန်းကျင်က ဥပက္ခာပြုထားသော ကောင်းကင်မှာ ယခု သန့်ရှင်းနေလင့်ကစား ရုတ်ချည်း မိုးတိမ်မဲပြာကာ ထစ်ချုန်းသွားနိုင်သည်ဟု ဆိုလျှင် လွန်မည်မထင်။ ကောင်းကင်ကို ခိုကပ် ချိတ်ဆွဲနေသော အင်တိုက်အားတိုက် မိုးတိမ်များမှာ တခဏအတွင်း သဏ္ဍာန်ပြောင်း ပျောက်ကွယ်သွားနိုင်သည် မဟုတ်လား။ အရင် တစ်ချိန်က ဖြစ်ခဲ့ဖူး၏။ ရေကန်သို့ သွားပါများ၍ ဖြစ်တည်လာသော မြေလမ်းလေးသည် ထိုအတိတ်၏ ပစ္စုပန်ကဏ္ဍတွင်သာ တည်ရှိခဲ့ရလေပြီ။ မြက်ခင်းစိမ်းစိမ်းများကြားမှ ခြေရာထင် လမ်းပေါက်နေသော ထိုမြေလမ်းလေးသည် ယခုအခါ ထားရစ်ခဲ့ခြင်းများနှင့်အတူ မြက်ခင်းများကြားထဲ ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။ အခါမလပ် မနားမနေ လှုပ်ရှားနေကြသော အိပ်မက်ပုံရိပ်များသည် အတိုင်းအဆ မရှိခြင်း၏ ကောင်းကင်တွင် … Continue reading

တိမ်
Paintings

တိမ်

Words and artwork by: So Pyay Win တိမ်ဆိုတာ ပြိုပျက် လွှင့်ပျယ် ပျက်သုန်း ပြေပျောက် ဖြစ်ပျက်ရဲ့ ပြယုဂ် ထုထည် အပိုင်းအစ အလှတရား အရောင်ဆိုတာ တဒင်္ဂရဲ့ ပြယုဂ်။ စိုပြည်ဝင်း Color of sunset 9-12″ Watercolor Urban sunset 9-12″ Watercolor Rays of light 9-12″ Watercolor Continue reading

လမ်းကြောင်းမှန်ပေါ်က ကားပျက်ကြီး
Poetry

လမ်းကြောင်းမှန်ပေါ်က ကားပျက်ကြီး

By လွမ်းတေးချို လမ်းကြောင်းမှန်ပေါ်က ကားပျက်ကြီး ကားပေါ်မှာ ဘယ်သူပါလဲ မမေးနဲ့ အကုန်ပါတယ်။ ကလေး ရော ခွေးရော အကြွေးနဲ့ လူတွေ ကြွေးတင်ရင် ရှင်ဘုရင်ကို ဆပ်စေချင်တဲ့သူတွေ ဘယ်သွားမလဲ မမေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက် ဆီလောက်သလား ဒီခရီးနီးသလား ကိုယ့်အတွေးနဲ့ကိုယ်သောက်ရမည့် အရက်တွေ ကိုယ့်အဖြစ်နဲ့ကိုယ် မူးရမည့် ရက်တွေ ယာဉ်မောင်းပြောင်းပြီပြောတယ် ကားပေါ်က ပါးစပ်ကြမ်းတဲ့ စပယ်ယာ ကို ဘယ်လိုလုပ်မလဲ ဘယ်သူပိုင်ရှင်လဲ မမေးနဲ့ စာနဲ့ပေနဲ့ပြောရင် ခရီးသည်တွေပိုင်တဲ့ကား လက်တွေ့ မှာတော့ ဇာတ်လမ်းကိုပြီးအောင် ကြည့် ဘာမပြီးခင် ဘာမမြင်စေနဲ့ဆိုသား တံခါးတွေဖွင့်ပြီပြောတယ် လေ၀င်ပေါက်ထဲမှာ သဲတွေ၊ ဖွဲတွေ ၊ ဇကွဲတွေ ဖြစ်နိုင်ချေရှိတဲ့ လေကောင်းလေသန့်တွေ ၊ ရှုခင်းလှလှတွေ မကြုံချင်လည်း ကြုံ ရမည့် အကျည်းတန်မြင်ကွင်းတွေ … Continue reading