ပြီးဆုံးခဲ့ခြင်းများ
Essays

ပြီးဆုံးခဲ့ခြင်းများ

Words by လွမ်းသင့်ဝေ ဤခရီးကို လျှောက်လှမ်းခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဟု ဆိုနိုင်သည်။ လူတို့၏ သိမှုနယ်ပယ်ဝန်းကျင်က ဥပက္ခာပြုထားသော ကောင်းကင်မှာ ယခု သန့်ရှင်းနေလင့်ကစား ရုတ်ချည်း မိုးတိမ်မဲပြာကာ ထစ်ချုန်းသွားနိုင်သည်ဟု ဆိုလျှင် လွန်မည်မထင်။ ကောင်းကင်ကို ခိုကပ် ချိတ်ဆွဲနေသော အင်တိုက်အားတိုက် မိုးတိမ်များမှာ တခဏအတွင်း သဏ္ဍာန်ပြောင်း ပျောက်ကွယ်သွားနိုင်သည် မဟုတ်လား။ အရင် တစ်ချိန်က ဖြစ်ခဲ့ဖူး၏။ ရေကန်သို့ သွားပါများ၍ ဖြစ်တည်လာသော မြေလမ်းလေးသည် ထိုအတိတ်၏ ပစ္စုပန်ကဏ္ဍတွင်သာ တည်ရှိခဲ့ရလေပြီ။ မြက်ခင်းစိမ်းစိမ်းများကြားမှ ခြေရာထင် လမ်းပေါက်နေသော ထိုမြေလမ်းလေးသည် ယခုအခါ ထားရစ်ခဲ့ခြင်းများနှင့်အတူ မြက်ခင်းများကြားထဲ ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။ အခါမလပ် မနားမနေ လှုပ်ရှားနေကြသော အိပ်မက်ပုံရိပ်များသည် အတိုင်းအဆ မရှိခြင်း၏ ကောင်းကင်တွင် … Continue reading