Poem
Poetry / Uncategorized

Poem

Words by: Kyi Sin Thant ကေသရဇာ ခြင်္သေ့မင်းလည်း သံတိုင်နောက် ဝပ်စင်းလို့ မခြိမ်းခြောက်သာ မဟိန်းဟောက်သာ။ ကောင်းကင်ကိုငေးကြည့်ရုံပဲ တတ်နိုင်တော့တဲ့အခါ အသံချိုတဲ့ငှက်ကလေးလည်း တေးမဆိုနိုင်ရှာ။ လှောင်ချိုင့်ထဲက ခပ်မွဲမွဲမျက်နှာတွေလေ မျက်လုံးသေတွေနဲ့ အပြင်ဘက်ဆီငေးလို့… ဒီအချိန်မှာ ကလေးတွေရဲ့ ရယ်သံများကိုကြားတော့ ငါ့စိတ်တွေခြောက်ခြားခဲ့ရပေါ့။  ။ စာရေးသူ: ထိုက်ယု Continue reading