Poetry

ရန်ကုန်လွမ်းချင်း

Words By ခွန်းချို



အင်းယားကန်ဘောင် / စိမ်းလန်းစိုပြေ / ဝက်သားတုတ်ထိုး / အင်းယားလမ်း / Serenity ၊ အဓိပတိလမ်းကျဉ်းလေး ၊ ပြည်လမ်း / ရန်ကုန်-အင်းစိန်လမ်းမကြီး / တက္ကသိုလ်ရိပ်သာလမ်းသစ်၊ လှည်းတန်းလမ်းဆုံ၊ သိမ်ဖြူလမ်း ၊ စိန့် ပေါလ်မှတ်တိုင် / ရေကျော်/ ၄၉ လမ်း / လမ်း ၅ဝ / Memory DVD / လမ်းဘေးမှ ပလတ်စတစ်တောင်းနဲ့  ဟောလိဝုဒ် ခိုးကူးခွေမျိုးစုံ (၂ ထောင်ဖိုး ၃ ခွေဆိုလား) ၊ စကော့ဈေး / မဂိုလမ်း / ခိုးကူးခွေမျိုးစုံ ပေါချောင်ကောင်း ရသော National CD Rom / ဦးချစ်မောင်လမ်း (အမေ ဝယ်နေကျ ဆေးဆိုင် ရှိ) / စက်မှု (၁) လမ်း / ရန်ကင်း ၁၂ လုံးတန်း နာမည်ကျော် ရန်ကင်း ကီးမား ၊ အင်တာနက်သုံးနေကျ လိုင်းကောင်းတတ်တဲ့ Cyber Shine / ရောက်တတ်ရာရာ ယော့ခ်လမ်းနားတဝိုက် / ဘုန်းကြီးလမ်း / လမ်းမတော် / ဝင်း ဘီယာဆိုင်ခွဲများ / ကြေးအိုးဆီချက် YKKO ဆိုင်ခွဲများ / ရွှေမြို.တော်၊ မာကျူရီ၊ ကုံးထက်၊ ကောင်းကြိုက်၊ သပြေရိပ်ဆိုင်ခွဲများ ၊ လှည်းတန်းလမ်းထိပ်က စားနေကျ ချဉ်စပ်စပ် စိုပြေ ရှမ်းခေါက်ဆွဲ / တရုတ်တန်းတလျှောက် ဝက်သားလိပ်၊ ဆာတေး ၊ ကော်ပြန့် ၊ အော်ကွေ.ကြည်၊ လသာလမ်းမှ ရသာထူး ငါးကင်နဲ့  အကင်မျိုးစုံများ / မီးခဏခဏ လာခြင်း / ရေ ခဏခဏ လာခြင်းများ / ပူခြင်း အိုက်ခြင်း မိုးများခြင်း နေပူ မိုးရွာခြင်း လျှပ်စီးတွေ လက်ခြင်း / ညလမ်းမီးဓာတ်တိုင်တွေ မှောင်နေတဲ့လမ်းတွေပေါ် တစ်ယောက်တည်း တွေးရင်း ဖြတ်လျှောက်ရခြင်းများ / စွန့် ပစ်အမှိုက်ပုံ လာသိမ်းမယ့် အမှိုက်ကား မရှိ၊ ဖောင်းဖွ နံဟောင်ခြင်းများ / ကန်တော်ကြီး / ရွှေတိဂုံဘုရား (လူတချို. အယူသီး ၊ ဇီဇာကြောင်ပုံများ – တကယ်တော့ ဘယ်မုဒ်က တက်တက် ဘုရားရောက်တာပဲ။ တကယ်တော့ ဘယ်နေ့ နံထောင့်က ဖူးဖူး ၊ ဘုရားဖူးခြင်း မည်တာပဲ) / ဗိုလ်တထောင်ဘုရား / လိပ်စာကျွေး ၊ ဆိပ်ကမ်းမှာ လေညှင်းခံ လမ်းလျှောက်၊ ပြွတ်သိပ် ကျပ်ညှပ်နေတတ်သော ဟီးနိုးဘတ်စ်များ ဂိတ်ဆိုက်ရာ နာမည်ကျော် ၃၉ ကားကြီးဂိတ် (ဂိတ်စ – ဂိတ်ဆုံး ၂ဝဝ ပေးစီး မော်တင် ရောက် / အမြဲတမ်း အဲယားကွန်း ချွေးပြန်နေသော ပါရမီ/အဓိပတိ (ပြာ၊ နီ၊ စိမ်း ၊ ဝါ) ဘတ်စ်ကားကြီးများ / ကားတွေ၊ လူတွေ၊ စက်ဘီးတွေ မွန်းကျပ် ပိတ်သိပ်နေသော သင်္ဃန်းကျွန်း စံပြဈေးနားတဝိုက် တောင်းရမ်းကြရသူများနှင့် ရေခဲရေ အချိုရည် အေးအေးလေး တစ်စီး ဂိတ်ထိုးတိုင်း အပြေးအလွှား ရောင်းနေကြရသူများ / ဂျာနယ်လက်ပွေ.သည်များ / ပန်းသည်များ / မနက်ခင်း ပဲပြုတ်ပူပူလေး အော်သံ / ဘဝများ / “ဈေးမရောင်းရနယ်မြေ” တွင် တရားဝင် ရောင်းချနေသော လမ်းဘေးကျူးကျော်ဈေးသည်များ / မွှေနှောက်နေကျ ပန်းဆိုးတန်းလမ်းဘေးပလက်ဖောင်းစာအုပ်ဆိုင်လေးများ ၊ မပါ မပြီး မပြောမဖြစ် လမ်းသလားနေကျ ကျောက်မြောင်းထဲက ဘီယာဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ ၊ အကြော်ဆိုင်တွေ၊ ခေတ်ပေါ်ဂီတသမားကြီးတွေ၊ ယုတ်စွအဆုံး ကိုယ့်ရပ်ကွက်ထဲက မရှိမဲ့ ရှိမဲ့ ချာတူးလန် လက်ဖက်ရည်ဆိုင်ရဲ. ခပ်ညံ့ညံ့ ချိုဆိမ့်လက်ရာလေးတစ်ခွက်ကိုတောင်

လွမ်း………….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s