Poetry

မြောက်အရပ်ကခံစားသံ

Words by Lamai San Latt


တွေးခေါာမှုတွေ မြင့်မားဖို့
ငါတို့အားလုံးပညာကို  သင်ချင်တယ် ။
ငါတို့ပန်းတိုင်လှပဖို့
ငါတို့အားလုံးပညာကို   တန်ဖိုးထားတယ် ။
ငါတို့အနာဂတ်ကို လမ်းပြပေးမဲ့
အမှောင်ခရီးကို ထွန်းလင်းပေးမဲ့
ပညာအလင်းတန်းကို  လိုချင်တယ် ။
အမှောင်တွေဘဲ   ဖုံးအုပ်နေတဲ့
စိတ်နှလုံးကို ပညာအလင်းနဲ့
ကုသချင်တယ် ။
ပစ်လွတ်လိုက်တဲ့  ကျည်ဆံမိုင်းတွေကြား
တစ်ဘဝလုံး  နစ်မြုပ်နေရတော့မယ် ။
မျော်လင့်ချက်တွေ  ပျက်စီးဖို့
ရောက်ခဲ့တာလား  တိုက်ပွဲရယ် ။
တို့အားလုံးရဲ့ ဘဝဟာ
အမြဲပြေးနေရတော့မယ် ။
တို့တွေအားလုံး  ပညာအလင်းရောင်ကို
မြင်ဖူးချင်ပြီ
သင်ယူချင်ပြီ ။
ပူလောင်နေတဲ့နှလုံးသားကို
ပညာအလင်းနဲ့  အေးမြချင်ပြီ
ပညာအလင်းနဲ့ သံယောဇဉ်ဖြတ်ခဲ့တဲ့အတွက်
တို့အားလုံးရဲ့  မျော်လင့်ချက်တွေ
ဆုံးရှုံးခဲ့ပြီ ။
ပညာအလင်းကိုတော့  ငါတို့နှလုံးသားထဲက
လုယူမသွားပါနဲ့တော့ကွယ် ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s