Poetry
ဒီနေ့
by Myat Thwe Nyein
ဒီနေ့ လမ်းအများကြီးလျှောက်ရလို့ ညောင်း သွားပေမယ့် ခဏထိုင်နားတုန်းက ဘောင်းဘီရှည်နေလို့ အာက်နားကိုခေါက်တင်ထားတဲ့ အလိပ်ကြားမှာ ပန်းအကြွေလေးညပ်နေတာကို တွေ့တော့ ပျော်စရာနေ့လေးဖြစ်ခဲ့တယ်။
ဒီနေ့ အိမ်ကို လမ်းလျှောက်ပြန်တုန်း ရှေ့ နားက ဦးလေးကြီးလွယ်ထားတဲ့ အိတ်ကို ကြည့်မိတော့ ကြွပ်ကြွပ်အိတ်ကို ဂဏန်းကြိုးနဲ့ ချည်ပြီး လွယ်အိတ်လို လုပ် လွယ်ထားတာတွေ့တယ်။ သူ့မျက်နှာကို ကြည့်မိတော့ အိတ်ကောင်းကောင်းမရလို့ မဖြစ်ဘူးဆိုတဲ့ မျက်လုံးတွေကို မတွေ့ရဘူး။
ဒီနေ့ သင်တန်းကို မေမေ ကားမောင်းပြီး လိုက်ပို့တုန်းက မီးပွိုင့်တစ်ခုမှာ မနီခင် မြန်မြန်မောင်း ထွက်လိုက်တာလေးကို ကြည့်ပြီ မေမေက ချစ်ဖို့ကောင်းလိုက်တာလို့ တွေးမိတယ်။ အဲဒိအတွေး ဘယ်ကထွက်လာဘာလိမ့်လို့လဲ စဉ်း စားမိတယ်။
ဒီနေ့ အိမ်နားက လမ်းမှာ လူကြပ်တယ်၊ ကျောင်းဆင်းချိန်မို့ ကျောင်းသားတွေရော၊ မိဘတွေရော၊ မုန့်သည်တွေရော၊ လေတိုက်ရင် စကတ်ဘယ်တော့ လန်မလဲ လိုက်ကြည့်နေတဲ့လူတွေရော။
ဒီနေ့ ဆေးရုံသွားဖို့ ရထားစောင့်နေတုန်း ဘူတာက ခုံတန်းလေးမှာ အလယ်တန်းကျောင်းသူလေးနှစ်ယောက်စာတွေအော်ကျက်နေတာတွေ့လို့ သူတို့နားမှာ တိတ်တိတ်လေးဝင်ထိုင်လိုက်တယ်။ သူတို့ လှည့်ကြည့်ရင် ပြုံးပြဖို့ ဟနြ့်ပင်ရတာ အလယ်တန်းစတက်ရတဲ့ ပထမဆုံးနေ့ကလိုဘဲ စိတ်လှုပ်ရှားမိတယ်။
လူတွေတစ်ယောက်နဲ့ တစ်ယောက်အကြည့်ချင်း ဆုံချိန်ဟာ ပြုံးပြဖို့အချိန်မရလောက်အောင် စက္ကန့်သာသာရယ်ပါလေ။ ဒီတစ်နေ့တာဟာလဲ အပြေးအလွှားကုန်ဆုံးသွားပြန်တယ်။
အိမ်ပြန်လမ်းကို တစ်ယောက်ထဲ လျှောက်ရတာများပါတယ်။ ဒီနေ့တော့ ရာဘာဖိနပ်ကို တကျွတ်ကျွတ်မြည်အောင်းစီး ခေါင်းမှာပန်း ပန်ပြီး ခြင်းတောင်းအလေးကြီးဆွဲထားတဲ့ အမယ်အိုနဲ့ သူငယ်ချင်းလုပ်ခဲ့တယ်။
ကလေးလေးတစ်ယောက် သူ့အဖေလက်ကိုကိုင်ပြီး ခုန်ဆွ ခုန်ဆွနဲ့ ပါသွားလေရဲ့။ ဒီနေ့ရဲ့ ပျော်ရွှင်မှုက အဲ့ဒိကလေးလေးဆီကလာတဲ့ လှိုင်းတွေ။
ရထားစီးတုန်းက သစ်ချသီးရောင်းနေတဲ့ကောင်မလေးဘေးမှာထိုင်ပြီး စကားစမြည်ပြောရင်းစီးလာတယ်။ သူ့အရှေ့နားက ဦးလေးကြီးဆီက ပဲပြားအစာသွတ် ၂၀၀ ဖိုးဝယ်စားတော့ ကျွန်မကိုပါ ကျွေးတဲ့အခါ မျက်ရည်ဝဲမိတယ်။ ပိုင်ဆိုင်တာဆိုလို့ ကြင်နာမှုဘဲရှိတဲ့ ‘လူသူစိမ်း’ တွေကို ချစ်လိုက်တာ။
မနေ့ကလမ်းမှာ မြင်နေကျ သူစိမ်းတွေ။ ဒီနေ့လမ်းမှာကျတော့ မမြင်ဖူးတဲ့သူစိမ်းတွေ။
ဒီနေ့လဲ အပြင်ထွက်ပြီး သက်ရှိ သက်မဲ့လောကထဲ ကျင်လည်ရဦးမည်။ တံခါးကို ဆွဲဖွင့်ပြီး လေတွေ အဆက်မပြတ်တိုးဝှေ့ လာတဲ့အခါ ပျံသန်းဖို့ အတောင်ပံတွေဟာ မရိုးမရွဖြစ်နေပြီ။
Link to poem PDF
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s