Poetry

ကြေကွဲဂျုလိုင်

By Pann Nee


ကြေကွဲဂျုလိုင်

ငါလည်း မခံစားတတ်တာမှ မဟုတ်တာ

ခံစားတတ်တာပေါ့
သာတောင် ခံစားတတ်သေးတယ်

ဒါပေမယ့် အဖြစ်အပျက်တိုင်းမှာ ငါက ဗီလိန်ပဲ

ဆိုးတဲ့သူ
သွမ်းတဲ့သူ

သူများကို နားမလည်ပေးတတ်သောသူ

တစ်ကယ်တမ်း ငါက စဉ်းစားပုံပဲ ကွာတာပါ

တစ်ကယ်ခံစားမိတာတွေ ခံစားတတ်တာတွေ ရှိပါတယ်

ရှင်တို့ ပြောကြတဲ့ လူအစစ်အမှန်တွေလို မခံစားတတ်လို့ ဖြစ်ပါမယ်လေ


ငါချစ်ခဲ့တယ်

အများကြီးပဲ

မျှော်လင့်ချက်မပါဘဲ

ချစ်တယ်ဆိုတာ ပေါ်ပေါက်လာတာပါဆိုတာ သိခဲ့တယ်          

ရှေ့ဘာဖြစ်မယ်မှန်း မသိခဲ့ဘဲ ချစ်ခဲ့တာ

ပြန်တွေးတိုင်းလည်း သိပ်ချစ်တာပဲ

ပြန်တွေးတိုင်းလည်း စိတ်ပျက်မိတယ်

အခုချိန် ဖြစ်နေသမျှကို

တစ်ချိန်တည်းမှာ ငါသိနေတာက

ဒီလိုပါပဲ ငါတို့ ထင်ရာ ရွေးခဲ့တယ်

အမှန်ဆုံးလို့ ငါတို့ ရွေးခဲ့တယ်

ဒါကြောင့် ခုချိန် သိပ်သတိရတိုင်းမှာ ဘာမှ မလုပ်နိုင်ဘူး/ချင်ဘူး

နောင်တလည်း မရဘူး

ချစ်ခဲ့တာ တစ်ခု
ကွဲခဲ့တာ တစ်ခုပဲ

ပေါင်းလို့မှ မရတာ

မေ့လို့လည်း မရဘူး

ပြန်တွေးရင် သိပ်လွမ်းတာ

မချစ်တာလားဆိုတော့လည်း မဟုတ်ဘူး

ချစ်နေသေးတာလားဆိုတော့လည်း ကိုယ့်မယ် ခါးခါးသီးသီး

သိပ်ချစ်ခဲ့တာပါ ဆိုတာ ကွဲသွားမှ သိသလို

ငါက ပြန်မသွားချင်တော့တဲ့ အချိန်တွေဆီ

လှမ်းကြည့်မိတယ်

အကောင်းဆုံးဆိုတာပဲ သူ့အပေါ် ဖြစ်စေချင်တာ

သူ့ကောင်းခြင်း/ဆိုးခြင်း သိနေခဲ့တဲ့ ငါဆိုတာ သူ့ဘေးမှာ တစ်နေရာရာမှာတော့ အသုံးကျနိုင်ပေမယ့်

ငါတို့ ရွေးခဲ့တဲ့ လမ်း

ပြန်မှ မတွေ့နိုင်တော့တာ

ငါချစ်သလို

သူလည်း ချစ်တာ

င့ါအချစ်ဆုံး သူငယ်ချင်း သိတယ်

ဒါပေမယ့် အခုချိန်ထိ ငါဘယ်လို ခံစားရမလဲတော့ သူဘယ်သိမလဲ

မချစ်တော့ဘူးဆိုပေမယ့်

ပျက်စီးနေတာတွေ့တော့ အကောင်းဆုံး ဖြစ်စေချင်တဲ့ ငါ စိတ်မကောင်းဘူး

၇ လ အကြာမှာ ငါအပြုံးမပျက်ခဲ့ပေမယ့်

သူက ရန်ထောင်နိုင်ပေမယ့်

ငါ့မှာ လှမ်းတွေ့လိုက်ချိန်တိုင်း

ယောက်ယက်ခတ်ရတာ

စိတ်ပျက်မိတယ်


ကိုယ့်ဘာသာ

ငါဟာ လူတစ်ယောက်ခြင်းရဲ့ အစိတ်အပိုင်းလေးတွေပဲ ချစ်တာပါဆိုတာကို

ငါ့ကို ချစ်လှပါချည်ရဲ့ဆိုတဲ့ သူတွေ နားမလည်ဘူး

မမျှော်လင့်ပါဘဲ

ဘာမှ မပေးနိုင်ဘူးဆိုတာ

ကြေညာထားတဲ့ ကြားက

မျှော်သမျှ ဖြစ်မလာတဲ့ အခါ

ငါဟာ အငြိုညင်ခံရတယ်

ငါ့အမှားမဟုတ်ပေမယ့်

ငါအပြစ်တင်ခံရတယ်

မင်းက သူများနဲ့ မတူချင်ယောင်ဆောင်တယ်လို့ အစွပ်စွဲခံရတယ်

ချစ်တာဟာ မုန်းတာ မဟုတ်တဲ့ အတွက် ငါ ချစ်တယ်

လူတွေ မချစ်နိုင်ဘူး

ငါအပြစ်တင်ခံရတယ်

ဖွင့်ကြည့်လိုက်ချိန်တိုင်း

ဘီယာပုလင်းနဲ့ ဒိန်ချဉ်ပုလင်းတွေပဲ ရှိနေမယ့် ရေခဲသေတ္တာတစ်လုံးနဲ့ မွေ့ယာကို ခုတင်မပါဘဲ ကြမ်းပြင်ပေါ်ချထားမယ့် အခန်းတစ်ခုကို ငါ လိုချင်တယ်။    

ပန်းနီ

၁၆ ရက်နေ့၊ ဂျူလိုင်၊ ၂၀၁၆ ခုနှစ်

၁ နာရီ ၃၆ မိနစ်

PDF of the poem

One thought on “ကြေကွဲဂျုလိုင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s