Essays

LGBT ကို ဆန့် ကျင်တဲ့ Feminist က တစ်ကယ်ပဲ Feminist တစ်ယောက်လား

LGBT ကို ဆန့် ကျင်တဲ့ Feminist က တစ်ကယ်ပဲ Feminist တစ်ယောက်လား

တစ်ကယ်တမ်းတော့ သူက Feminist တစ်ယောက် မဟုတ်ပါဘူး ဘာလို့ လဲဆိုရင် သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ LGBT ထဲမှာလည်း မိန်းမတွေ ပါဝင်ပါတယ်

Feminism ရဲ့ အဓိပ္ပါယ်က လိင်တွေ အားလုံးအတွက် လူမှုရေးအရ နိုင်ငံရေးအရ နဲ့  စီးပွားရေးအရမှာပါ တန်းတူ ညီတူညီမျှ အခွင့်အရေး ရရှိဖို့ ပဲ ဖြစ်ပါတယ် လူမျိုး ဘာသာ လိင် မခွဲခြား ဆက်ဆံဖို့ ကလည်း တတိယအကြိမ် Feminism တိုက်ခတ်ပွဲမှာ အရမ်းအရေးကြီးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်

ဆိုလိုခြင်းက အမျိုးသမီးတွေ အားလုံးအတွက် တန်းတူ ညီတူညီမျှ အခွင့်အရေးတွေ ရရှိဖို့ ကိုပဲ ဆိုလိုပါတယ် အဲ့ဒီ့တော့ LGBT ကို ထောက်ပံ့မှု မပေးဘူး ဆိုလို့ ရရှိရင် တစ်ခြား လိင်တူကြိုက်တဲ့ အမျိုးသမီးများ (lesbian) လိင်နှစ်ခုလုံး ကြိုက်တဲ့ အမျိုးသမီးများ (Bisexual) နဲ့  လိင်ပြောင်းလဲထားတဲ့ အမျိုးသမီးတွေကလည်း တစ်ခြားသူတွေနဲ့ အတူ တန်းတူ အခွင့်အရေးတွေ မရရှိသင့်ဘူးလို့  ပြောဆိုတာနဲ့  အတူတူပါပဲ အဲ့ဒီ့လို အမျိုးသမီးတွေကလည်း ယောက်ျားတွေထက် နိမ့်ကျရုံတင်မဟုတ်ပဲ အားလုံးထက် အဆင့်အတန်း နိမ့်ကျတဲ့ သူတွေပါလို့  ပြောလိုက်တာနဲ့  အတူတူပါပဲ

အခြား အမျိုးသမီးတွေကို ဖိနှိပ် ခွဲခြား ဆက်ဆံနေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို Feminist တစ်ယေက်လို့  မပြောဆိုသင့်ပါဘူး ဘာလို့ ဆို Feminism ရဲ့ ယုံကြည်ချက်နဲ့  ကွဲပြားခြားနားနေလို့ ပါ

         Feminist တစ်ယောက်လို့  ကိုယ့်ကိုယ်ကို ၀န်ခံလိုက်တာနဲ့  လူတွေ အားလုံးက တန်းတူ ညီတူညီမျှ အခွင့်အရေး ရသင့်တယ်လို့  ယုံကြည်တယ်လို့  ပြောလိုက်တာပါပဲ

လိင်ပြောင်းလဲ ထားတဲ့ အမျိုးသမီးတွေကလည်း Feminism ထဲမှာ များသောအားဖြင့် ပြစ်ပါယ်တာ ခံကြရပါတယ် အဓိက အကြောင်းအရင်းကလည်း သူတို့ တွေက အမျိုးသမီး အစစ်အမှန် မဟုတ်ဘူးဆိုပြီး ဆိုကြပါတယ် အဲ့ဒါက လုံးဝကို မဖြစ်သင့်တဲ့ မသင့်တော်တဲ့ အရာတစ်ခုပါပဲ

လိင်အင်္ဂါဆိုတာက မွေးကတည်းက ပါလာခဲ့တာပါ ယောက်ျား မိန်းမဆိုပြီး ခွဲခြားလိုက်တာက လောကကြီးမှာ နေထိုင်နေတဲ့ လူသားတွေပါ တစ်ကယ်လို့  တစ်ယောက်ယောက်က သူတို့ ကိုယ်ကို သူတို့  အမျိုးသမီးတစ်ယောက်ပါဆိုပြီး သတ်မှတ်တယ်ဆိုရင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကပါ သူ့ ကို အမျိုးသမီးတစ်ယောက်လို့  သတ်မှတ်ပေးရပါမယ် တစ်ကယ်တမ်းဆို သူက ပိုပြီးတော့တောင် လေစားဆရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါ ဘာလို့ ဆိုရင် တစ်ခြား “Feminist” တွေက အားလုံးအတွက် တိုက်ပွဲ မ၀င်ရဲတဲ့အခါမှာ သူက တိုက်ပွဲကို ၀င်ဆင်နွဲနေလို့ ပါ

ထပ်ပြီးတော့ ကျွန်မ ပြောပါရစေ Feminist တစ်ယောက်ဖြစ်တယ်ဆိုတာက အမျိုးသမီး အားလုံးကို ပံ့ပိုးခြင်းပဲ ဖြစ်ပါတယ် အဲ့ဒီ့တော့ LGBT ကို မပံ့ပိုးနိုင်ရင် ကိုယ့်ကိုယ်ကို Feminist တစ်ယောက်လို့  မခေါ်ပါနဲ့  အာရှတိုက် အမျိုးသမီးကိုပဲ ပံ့ပိုးမယ်ဆိုပြီးလည်း မဟုတ်ပါဘူး လူဖြူမကိုမှ ပံ့ပိုးမယ်လည်း မဟုတ်ပါဘူး မိန်းမတွေ အားလုံးကို ပံ့ပိုးမှသာ Feminist တစ်ယောက် ဖြစ်ပါတယ်


About the author;

Runaway_bride မှ ရေးသားထားပါသည်။ သူမသည် မြန်မာနိုင်ငံတွင် အမျိုးသမီးတိုင်း ညီတူညီမျှ ရရှိရေးကို လိုလားသူဖြစ်ပြီး LGBT ကိုလည်း ပံ့ပိုးသော Feminist တစ်ဦး ဖြစ်ပါသည်။ ပိုမိုသိရှိလိုပါက www.facebook.com/feminisminmyanmar တွင် ၀င်ရောက်လေ့လာ နိုင်ပါသည်။

Photo credit; Libertad by Denise Coronel

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s